အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2024
ပညာရေးဝန်ကြီးဌာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းနှင့် တိုင်း၊ ခရိုင် ​မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ​ယမန်နေ့နံနက်ပိုင်းကဟင်္သာတမြို့ နတ်မော်ကျေးရွာ/အုပ်စုရှိ နတ်မော်အ.ထ.ကကျောင်း အနီးတွင် ဆောက်လုပ်လျက်ရှိသော စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နတ်မော်(အ.ထ.က)ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်ဝင်းနှင့် ဆရာ/မများအား တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား အောင်ချက်မြင့်မားရေးနှင့် သင်ကြားမှုဆိုင်ရာများအား လမ်းညွှန်မှာကြားခဲ့သည်။
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Feb 22,2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၅) ကြိမ်မြောက် လစဉ် (၂၁) ရက်နေ့ရောက်တိုင်း ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်၊
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရွှေရောင်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို လာမည့်ဖေဖော်ဝါရီ ၂၃ ရက် (တပိုတွဲလဆန်း ၁၃ရက်) မှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို  ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီချိန်မှစ၍ ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဆန်နှင့်ဆီလှူဒါန်းခြင်း၊ ထမင်းကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး မင်းဘူး(စကု) မြို့နယ်အတွင်း၌ ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစတင်ကာ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးရာ ယမန်နေ့တွင် ပင်စင်စား ၁၃၀ ဦးကို ထုတ်ပေးပြီးဖြစ်ကြောင်းသိရသည်။
Feb 22,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာအုပ်စု ရင်းတိုက်ကွင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၈ နာရီက ကွင်းအမှတ် ၇၃၀ တောင်သူဦးမြင့်စိုး၏ စနစ်တကျလယ်ယာမြေ ၅ ဧကတွင် အတန်းလိုက်တိုက်ရိုက်မျိုးစေ့ချကိရိယာ (စီဒါ) ဖြင့် နွေစပါးစိုက်ပျိုးတောင်သူများအား အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ကြောင်း သိရသည်။