အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ် (၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ(၂၂)ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Aug 25,2023
မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်)တို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၂၃ ရက်နေ့ နေ့လည်ပိုင်းက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Aug 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာ ဘုရားကျောင်းတွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Aug 25,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော သတင်း၊ ဆောင်းပါး ရေးသားနည်းနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာန (CICC) ခန်းမ၌ ကျင်းပသည်။
Aug 25,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သော မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးလုပ်ငန်းများကို မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက  ဩဂုတ် ၂၂ ရက်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 25,2023
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ မြန်မာစာ မြန်မာစကားကို လေးစားမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ “တရုတ်တက္ကသိုလ်များနှင့် မြန်မာစာ မြန်မာစကား” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဩဂုတ် ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။
Aug 25,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံဖူလုံစေရန် နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် ဆီထွက်သီးနှံနေကြာမျိုးစေ့ (၃၇၃၂) ဧက အခမဲ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ ၂ နာရီက ရမည်းသင်းမြို့နယ် ရွှေဒါးသာစည်အုပ်စု၊ ရွှေဒါးနည်းပညာပြန့်ပွားရေးစင်တာ၌ ပြုလုပ်သည့် ဆီထွက်သီးနှံဖူလုံရေးအတွက် နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆွေးနွေးပွဲနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။