လပွတ္တာ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီချိန်မှစ၍ ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဆန်နှင့်ဆီလှူဒါန်းခြင်း၊ ထမင်းကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းမင်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီးချိုများ တိုင်းတာစစ်ဆေးခြင်း၊ သောက်ဆေးများပေးခြင်း၊ အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်၊ နှင့်ဆီများထောက်ပံ့ပေးခြင်း၊ နံနက်စာထမင်းနှင့်ဟင်းကျွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)