အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက် ရှေ့ဆောင်ဆွမ်းလောင်းဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်(၁)နာရီတွင် ကလေးများအား ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Feb 22,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုအစီအစဉ်ကို ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများပါဝင်သောအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများ ပူပေါင်း၍ ယမန်နေ့မွန်းလွဲ (၁) နာရီတွင် Community Center ခန်းမ၌ စာရေးဆရာမ‌ဒေါက်တာ မတင်ဝင်းရေးသားထားသော အလုပ်ဆိုတာအင်အားပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်‌စားဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစစ်‌ဆေးပေးခြင်းများ ယနေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ခွဲ (ညောင်တုန်း)၌ ဆောင်ရွက်ခဲ့သည်။
Feb 22,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်မင်းစိုးရေးသားသည့် “လူငယ်နှင့်အပြောင်းအလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ဟင်္သာတခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ အတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် အခြေခံပညာမူလတန်းအဆင့် (Grade 5) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade 9) နှစ်ဆုံးစာမေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုခဲ့ကြ သည်။
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီခွဲအချိန် ဆက်လက်ထုတ်ပေးလျက်ရှိသည်။