မိုးနဲ ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစတင်ကာ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးရာ ယမန်နေ့တွင် ပင်စင်စား ၁၃၀ ဦးကို ထုတ်ပေးပြီးဖြစ်ကြောင်းသိရသည်။
မိုးနဲမြို့နယ်တွင် ပင်စင်စား စုစုပေါင်း ၃၅၂ ဦးရှိပြီး လစဥ်လာရောက်ထုတ်ယူသူများ၊ ၄ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်လာရောက်ထုတ်ယူသူများလည်းရှိကြောင်း၊ လစဥ် ၂၁ရက်နေ့နှင့် နောက်ပိုင်း နံနက် ၈နာရီခွဲအချိန်မှ ညနေ ၂နာရီခွဲအချိန်ထိ နိုင်ငံဝန်ထမ်းလစာငွေများမပေးမီ ရုံးဖွင့်ရက်များ၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ထုတ်ယူသူများအနေဖြင့် ဘဏ်မှထုတ်ပေးထားသော ထုတ်ယူခွင့်ကတ်ပြားများယူဆောင်လာခြင်း၊ ကိုယ်စာလှယ်လွှဲစာများ ယူဆောင်လာခြင်းဖြင့် စနစ်တကျထုတ်ယူလျက်ရှိကြောင်းနှင့် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ထုတ်ယူရာတွင် အခက်အခဲမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှသိရသည်။
ဇင်ကိုကို(ပြန်/ဆက်)