အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူသည့်‌နေ့တွင် အာဟာရဒါနများ ကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Feb 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ Grade-5နှင့် Grade -9 မှ ကျောင်းသားကျောင်းသူများက အရည်အချင်းစစ်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ဖြေဆိုလျက်ရှိသည်။
Feb 22,2024
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ လစဉ် ၂၁ ရက်နေ့တိုင်း‌ ဒေသတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါဆိုင်ရာ ဆေးဝါးကုသစစ်ဆေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၅၀ ဦးခန့်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းဆေးရုံမှ သိရသည်။
Feb 22,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီတွင် အခြေခံပညာမူလတန်း Grade-5 နှင့် အလယ်တန်း Grade- 9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆိုလျှက်ရှိသည်။
Feb 22,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ကြီးမှူးကာ လယ်ယာကဏ္ဍစာရင်းအင်း ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရစာချုပ်စာတမ်းများ မှတ်ပုံတင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
Feb 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (နဝမတန်း) Grade-9 နှင့် (ပဥ္စမတန်း) Grade-5 စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာနအသီးသီးတွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိသည်။
Feb 22,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်း စာစစ်ဌာနများတွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5၊ Grade -9 တန်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက်ပိုင်းက  စာစစ်ဌာနအသီးသီးတွင် မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။