ငါးသိုင်းချောင်းမြို့ ရှေ့ဆောင်ဓမ္မာရုံတွင် ကလေးများအား သံချဆေးနှင့် (Vitamin A) ဆေးတိုက်ကျွေး

ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက် ရှေ့ဆောင်ဆွမ်းလောင်းဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်(၁)နာရီတွင် ကလေးများအား ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်ရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မွေးလ (၆)လမှ (၅)နှစ်ထိ ကလေးများအား (Vitamin A) အားဆေးနှင့် သံချဆေးတိုက်ကျွေးကာ၊ ကျန်းမာရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောပြကြောင်း သိရသည်။  

ငါးသိုင်းချောင်း (ပြန်/ဆက်)