ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

‌ရွှေပြည်သာ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများ ပူပေါင်း၍ ယမန်နေ့မွန်းလွဲ (၁) နာရီတွင် (Community Centre) ခန်းမ၌ စာရေးဆရာမ‌ဒေါက်တာ မတင်ဝင်းရေးသားထားသော အလုပ်ဆိုတာအင်အားပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော စာအုပ်စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာမဒေါက်တာမဝင်း ရေးသားထားသော အလုပ်ဆိုတာအင်အားပါစာအုပ်မှ ကောက်နုတ်ချက်များအား ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)