ညောင်တုန်းမြို့နယ်တွင် ပင်စင်‌စားဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစစ်‌ဆေးပေးခြင်းများဆောင်ရွက်

ညောင်တုန်း ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပင်စင်‌စားဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစစ်‌ဆေးပေးခြင်းများ ယနေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ခွဲ (ညောင်တုန်း)၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်း ဌာနဆိုင်ရာများတွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် ပင်စင်‌စားဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ ခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်း‌ဆေးပညာဦးစီးဌာနတို့မှ ဝန်ထမ်း များက ကျန်းမာရေးစစ်‌ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပင်စင်‌စားဝန်ထမ်းများအတွက် ဆီများထောက်ပံ့ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)