ဟင်္သာတမြို့နယ်တွင် ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟင်္သာတ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ဟင်္သာတခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ အတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် ဟင်္သာတခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့  ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက မိမိတို့ခရိုင်၊ မြို့နယ်များအတွင်း ယာဉ်တိုက်မှု ဖြစ်စဉ်များ ထပ်တိုးမဖြစ်ပေါ်စေရန် ထိန်းသိမ်းကြပ်မတ်ကြရမည်ဖြစ်ကြောင်း၊ အရောင်မှိန်နေ သည့် road signs များအား အသစ်ပြန်လည်တပ်ဆင်နိုင်ရန်နှင့် မြို့ရှောင်လမ်းပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကုန်တင်ယာဉ်များ မြို့တွင်းသို့ ဝင်ရောက်မှုအား ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးအရ ပိတ်ထားသည့်လမ်းများ ပြန်ဖွင့်လိုက်ပြီဖြစ်သဖြင့် မီးပွိုင့်များပုံမှန်အလုပ်လုပ်စေရေး သက်ဆိုင်ရာဌာနများမှ ပြန်လည်စစ်ဆေးကြရမည်ဖြစ် ကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်များတွင် လူသေဆုံးမှုများမဖြစ်စေရန်၊ ဆိုင်ကယ်ဦးထုပ် စစ်ဆေးမှုများအား အမြဲမပြတ် စစ်ဆေးကြရမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းပြေးဆွဲနေသည့် သုံးဘီးယာဉ် များအား စာရင်းအတိအကျပြုစု၍ မှတ်ပုံတင်စာရင်း ထားရှိရမည်ဖြစ်ကြောင်း စသည့်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ခရိုင်ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ဟင်္သာတခရိုင်အတွင်း ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ လူစီး သုံးဘီးမော်တော်ယာဉ်များ လိုင်စင်ထုတ်ပေးနိုင်ရေးနှင့် မှတ်ပုံတင်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြရာ ဟင်္သာတခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြာခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)