ကျောင်းကုန်း ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် အခြေခံပညာမူလတန်းအဆင့် (Grade 5) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade 9) နှစ်ဆုံးစာမေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုခဲ့ကြ သည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကံ့ကော်မြိုင် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဘဝရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဥယျာဉ်ကြီး) တို့မှ အခြေခံပညာမူလတန်းအဆင့် မြန်မာစာဘာသာကို ကျောင်းသား၊ ကျောင်းသူ (၁၀၃)ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ အခြေခံပညာအလယ်တန်းအဆင့် မြန်မာစာဘာသာကို ဖြေဆိုချိန် (၂)နာရီပေးထားရာ ကျောင်းသား၊ ကျောင်းသူ(၁၈၀) ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)