မုဒုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မုဒုံ ဖေဖော်ဝါရီ ၂၂

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်က ရွှေဟင်္သာစျေးရှေ့၌ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများထံ ဖြန့်ဝေသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်း၏ ရည်ရွယ်ချက်၊ အမျိုးသားရေးတာဝန်၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်း၏ အချက်များ၊ ဆင့်ခေါ်ရေးလုပ်ငန်းစဥ်၊ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်နှင့် ကာလရွှေ့ဆိုင်းမှုဆိုင်ရာ စစ်ဆေးချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်နှင့် တာဝန်ထမ်းဆောင်ရန်ကာလ၊ ဥပဒေပါ အဓိပ္ပါယ်ဖော်ပြချက်၊ ဗိုလ်ချုပ်အောင်ဆန်း (၁၃.၇.၁၉၄၇) ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက် စသည့် ပြည်သူ့စစ်မှုထမ်းခြင်းဆိုင်ရာများနှင့် ပတ်သက်သော ကဗျာ၊ ဆောင်းပါး၊ ကာတွန်းများပါဝင်ကာ ပြည်သူများထံ အစောင်ရေ (၁၅၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)