ချောက် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ၂၂ရက်နေ့ကစတင်၍ ဖြေဆိုလျက်ရှိရာ ခရိုင်ပညာရေးမှူး ဦးမန်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူတို့က စာမေးပွဲဖြေဆိုခန်းများသို့ သွားရောက်ကာ အနီးကပ်ကြီးကြပ်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အခြေခံပညာမူလတန်းအဆင့် Grade-5 အတန်းတွင် စာရင်းရှိ ကျောင်းသား ကျောင်းသူ (၂၆၃၂) ဦး၊ ဖြေဆိုသူ (၂၅၆၁) ဦး၊ပျက်ကွက်သူ(၇၁)ဦးရှိပြီး အခြေခံပညာအလယ်တန်းအဆင့် Grade-9အတန်းတွင်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၈၆၂)ဦး၊ ဖြေဆိုသူ(၁၈၀၅) ဦး၊ ပျက်ကွက်သူ (၅၇) ဦး ရှိကြောင်းသိရှိရသည်။
အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲများကို ဖေဖော်ဝါရီလ၂၂ရက် မှ၂၇ရက်နေ့အထိလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 စာမေးပွဲများကို ဖေဖော်ဝါရီ လ၂၂ရက် မှ၂၈ရက်နေ့အထိလည်းကောင်ဖြေဆိုရမည်ဖြစ်သည်။
ကျော်မိုး(ပြန်/ဆက်)