တပ်ကုန်း ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံ ကုလားပဲကို ၈၅၀ ဧက လျာထားစိုက်ပျိုး၍ ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် ကုလားပဲသီးနှံများကို မိုးအကုန်၊ ဆောင်းအကူးရာသီချိန် မိုးအစိုဓာတ်များရရှိသည့် လယ်ယာမြေများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ကုလားပဲစိုက်တောင်သူများ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာအကူအညီများဖြင့် စနစ်တကျစိုက်ပျိုး လာကြောင်း၊ ကုလားပဲခင်းများကို ကြဲပက်စိုက်ခြင်းနှင့်အတန်းလိုက်စိုက်ခြင်းဟူ၍ နှစ်မျိုးစိုက်ပျိုးကြောင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းတွင် အပင်များ လေဝင်လေထွက်နှင့် အပင်ဖြစ်ထွန်းမှု ကောင်းမွန်၍ အပင်များရှုပ်ထွေးမှုမရှိသောကြောင့် ပိုးကျရောက်မှုနည်းပါးကြောင်း၊ ကုလားပဲအထွက်နှုန်းတွင် မြေအမျိုးအစားနှင့်အစိုဓာတ်ရရှိမှုအပေါ်မူတည်ပြီး အထွက်နှုန်းများ ကွဲပြားပြီး နှင့်တစ်ဧကကို ၁၅ တင်းမှ ၂၅တင်းထိ ထွက်ရှိကြောင်း ကုလားပဲစိုက်တောင်သူထံမှ သိရသည်။
တင်စိုးလွင်