လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် Grade-9 ၊ Grade-5 စာမေးပွဲများ စတင်ဖြေဆိုလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လိုက်လံကြည့်ရှုအားပေး

လားရှိုး ဖေဖော်ဝါရီ ၂၂

လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ခုနှစ်ပညာသင်နှစ် Grade-9 နှင့် Grade-5 စာမေးပွဲများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင် စာမေးပွဲဖြေဆိုနေမှုများကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်နှင့် ခရိုင်၊ မြို့နယ်တို့မှ တာဝန်ရှိသူတို့က လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်တွင် အခြေခံပညာကျောင်းများမှ Grade-9  ကျောင်းသား၊ ကျောင်းသူ ၂၂၁၉ ဦး ၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၅၇ ဦး၊ Grade-5  ကျောင်းသား၊ ကျောင်းသူ ၄၆၈၀ ဦး၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၉၇ ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ၂၅၈ ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)