ရေနံချောင်း ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် စတင်ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။
အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲပထမနေ့ မြန်မာစာဖြေဆိုသည့်နေ့တွင် ရေနံချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ Grade-5 အတန်းတွင် စုစုပေါင်း ၂၃၀၄ ဦး ဖြေဆိုမှု ၉၈ ရာခိုင်နှုန်းနှင့် Grade-9 အတန်းတွင် စုစုပေါင်း ၁၅၅၀ ဦး ဖြေဆိုမှု ၉၇ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်