လားရှိုး ဖေဖော်ဝါရီ ၂၂
လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ (၂၅)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းတော်မြတ်နှင့် ဥပ္ပတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ (၂၅)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းတော်မြတ်နှင့် ဥပ္ပတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ ၂၃ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးသည် လားရှိုးမြို့၊ မြို့တော်ခန်းမကြီးအနီး လမ်းမတော်လမ်းမတွင်တည်ရှိပြီး ဒေသခံများ၊ ခရီးသွားဧည့်သည်များ လာရောက်ဘုရားဖူးလေ့ရှိသည့် နေရာတစ်နေရာဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)