ဗဟန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေ

ဗဟန်း ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိကြစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များကို ယမန်နေ့ည​နေပိုင်းက ဗဟန်းမြို့နယ်၏ လူစည်ကားရာနေရာများတွင် တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်နှင့် ပြည်သူ့စစ်မှုထမ်းဥပ​​ဒေအ​ကြောင်း သိကောင်းစရာ လက်ကမ်းစာ​စောင်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဘာ့ကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီ​ရွှေ့ဆိုင်းနိုင်သူများ၊ နိုင်ငံ့ခေါင်းဆောင်များ၏ အဆိုအမိန့်များ စသည်တို့ကို ထည့်သွင်းဖော်ပြထားသည်။

လက်ကမ်းစာစောင်များကို ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဗဟန်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြပြီး သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

ကြည်​ဇေ​သော်