လားရှိုးမြို့ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆက်လက်ဆောင်ရွက်

လားရှိုး ဖေဖော်ဝါရီ ၂၂

လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အစီအစဉ်ဖြင့် ဆက်လက်၍ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား စမ်းသပ်ကြောင်း သိရသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို  ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရောဂါလာရောက်စမ်းသပ်ကုသခဲ့သူ ၁၃၀ ဦးရှိခဲ့ကြောင်း သိရသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ပင်စင်လစာထုတ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၂ ရက်၊၂၃ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက် ၊၂၇ ရက် ၊ ၂၈ ရက်နေ့များတွင်လိုအပ်သည့်ဆေးဝါးစမ်းသပ်ကုသပေးမှုများကိုစမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)