မိုးညို ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် စတုတ္ထတန်း (Grade - 5) နှင့် အဋ္ဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီချိန်မှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၆၆) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး (၁) ကျောင်းတို့ရှိရာ စတုတ္ထတန်း (Grade - 5) ကျောင်းသား၊ ကျောင်းသူ (၁၉၅၆) ဦးတို့က စာစစ်ဌာန (၇၄) ခု၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထိလည်းကောင်း၊ အဋ္ဌမတန်း (Grade - 9) ကျောင်းသား၊ ကျောင်းသူ (၁၁၁၃) ဦးတို့က စာစစ်ဌာန (၃၄) ခု၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိလည်းကောင်း ဖြေဆိုကြမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)