စလင်းမြို့ ပေါင်းပင်ဇင်းရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

စလင်း ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီ၂၀အချိန်က ပေါင်းပင်ဇင်းရပ်ကွက် ရှင်ပင်ကူတော်သစ် မဟာမုနိဘုရား ရတနာသိဒ္ဓိဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် စလင်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးထင်လင်းအောင်နှင့် ဗိုလ်မှူးမိုးယံမြင့်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးလျက်ရှိသော နိုင်ငံများအကြောင်း ဒုမြို့နယ်ရဲမှူးသန့်ဇင်၊ ဥပဒေအရာရှိ  ဦးရန်အောင်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေများကို အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြပြီး ရပ်ကွက်နေပြည်သူများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ အထိတ်တလန့်မဖြစ်ကြရန်နှင့် တက်ရောက်လာကြသည့် ပြည်သူများက မရှင်းလင်းသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)