သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade -9 စစ်ဆေးခြင်း စာမေးပွဲစတင်ဖြေဆို

သံဖြူဇရပ် ဖေဖော်ဝါရီ ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းကို Grade-5 (ခရိုင်အဆင့်) စစ်ဆေးခြင်းနှင့် Grade -9 (ပြည်နယ်အဆင့်) စစ်ဆေးခြင်း စာမေးပွဲကို ယနေ့မှစတင်ကာ သက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ခရိုင်အဆင့် ဖြစ်သောGrade-5 နှင့် ပြည်နယ်အဆင့်ဖြစ်သော Grade -9 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀၄၇) ဦးတို့က ပထမနေ့ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိသည်။

အဆိုပါစာမေးပွဲ စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက် နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)