ရွှေကျင် ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်၊ မဟာပညာ့ဗိမာန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နွေရာသီကျောင်းပိတ်ရက်၌ ကလေးငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ Physical Fitness Dance (EIM) အကသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Physical Fitness Dance (EIM) အကသင်တန်းကို လူငယ်ရေးရာဝန်ကြီးဌာန၊ ရွှေကျင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကသင်တန်းကို ဖွင့်လှစ်ပေးပြီး စိတ်ပါဝင်စားသော ကလေးသူငယ် ၁၅ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ (၂၂-၂-၂၀၂၄) မှ (၂၈-၂-၂၀၂၄) ရက်နေ့အထိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနည်းပြ နည်းစနစ်မှူး ဒေါ်သီသီဆိုင်မှ အခမဲ့သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)