သာယာဝတီ ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကွမ်းရွက်ဈေး (၁) ပိဿာငွေကျပ် (၁၂၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်အထိ ရောင်းချရသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
သာယာဝတီမြု့နယ်တွင် ကွမ်းရွက်ရောင်းဈေးများနှင့်ပတ်သတ်၍ ဆောင်းရာသီတွင် ကွမ်းရွက်ဈေးများ ပုံမှန်ဈေးတက်ကြောင်း၊ ယခင်နှစ်ဆောင်းရာသီးတွင် ကွမ်းရွက်တစ်ပိဿာ (၅၀၀၀) ကျပ်မှ (၇၀၀၀) ကျပ်အထိ ရောင်းချရပြီး ယခုနှစ် ဆောင်းရာသီတွင် ကွမ်းရွက် (၁) ပိဿာ ငွေကျပ် (၁၂၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်အထိ ကွမ်းပွဲစားများမှ ဝယ်ယူသဖြင့် ကွမ်းစိုက်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ကွမ်းပင်များစိုက်ပျိုးရာတွင် သွင်းအားစုများပြီး ကျွမ်းကျင်ရန်လိုကြောင်း၊ ဂရုစိုက်မှုနည်းပါက ကွမ်းရွက်အထွက်နှုန်းကျဆင်းကာ ဖျက်ပိုးများ ကျရောက်ပြီး ကွမ်းခြံပျက်စီးသည်အထိ ဆုံးရှုံးနိုင်ကြောင်း မာလကာကုန်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးပြုံးချိုက ပြောသည်။ သာယာဝတီမြို့နယ်တွင် ဖိုးခေါင်၊ စံရွေး၊ သာယာအေးရွာ၊ အရှေ့သပြေကုန်းရွာများတွင် ကွမ်းအများဆုံးစိုက်ပျိုးကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)