Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) ထမနဲထိုးပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေးပြီး ၂၄၀ ဦးဆံ့ အမျိုးသမီးသုံးထပ်အိပ်ဆောင် တည်…
Feb 23,2024
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(မကွေး) ထမနဲထိုးပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေးပြီး အမျိုးသမီး သုံးထပ်အိပ်ဆောင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ရသည့် မီးဘေးသင့် မိသားစုများအား ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ် ကျေးရွာအုပ်စု၊ ဒိုးစမ်းကုန်း ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ မွန်းလွဲ (၂)နာရီခွဲအချိန်က ပေါ့ဆ မီးကြွင်း၊ မီးကျန်ကြောင့် မီးလောင်ကျွမ်း နေအိမ်(၁)လုံး မီးဘေးသင့် ပျက်စီးခဲ့ရသည့် မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Feb 23,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဦးမင်းဒင်ကျေးရွာ ဦးမင်းဒင်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ အဖွဲ့ဝင်(၃) ဦးရဲဇင်လတ်၊ အတွင်းရေးမှူး ရဲမှူးကြီး ကျော်ကျော်ညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမောင်မောင်သန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးနိုင်၊ အဖွဲ့ဝင်(၃) ဦးသန်းထွန်းအောင်၊ အတွင်းရေးမှူး ရဲမှူးမြင့်အောင်၊ တောင်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ပြည်သူများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့၌ MSME လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေး
Feb 23,2024
MSME လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်းနှင့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိရေး အသိပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၃ နာရီက ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး
Feb 23,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်၊ MSME လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများလိုက်ပါလျက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲများကို ချမ်အေးသာစံမြို့နယ်တွင် ရပ်ကွက်များအထိ ကွင်းဆင်းဆောင်ရွက်
Feb 23,2024
ချမ်းအေးသာစံမြို့နယ်အတွင်း ပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲများကို ရပ်ကွက်များအထိ ကွင်းဆင်းကာ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ (၂၁)ရက် နံနက်(၁၀) နာရီတွင် သီရိဟေမာအရှေ့ရပ်ကွက်၊ ၈၉ လမ်း၊ ၂၇×၂၈ လမ်းကြားရှိ မဟယလောကရံသီ အိမ်တော်ရာစေတီတော်၊ (၁၄)ခန်းဓမ္မာရုံတွင်လည်းကောင်း မွန်းလွဲ(၂)နာရီတွင် ၃၁လမ်း၊ ၈၅×၈၆ လမ်းကြားရှိ စင်္ကြာသီဟ ဘုရားဝင်းအတွင်းရှိ ဗုဒ္ဓဂုဏ်ရည် ဓမ္မာရုံတွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးကူညီဆောင်ရွက်ပေး
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ အာဟာရများ တိုက်ကျွေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်က စတင်၍ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ပံ့ပိုးကူညီစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9655
Page
9656
Page
9657
Page
9658
Current page
9659
Page
9660
Page
9661
Page
9662
Page
9663
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department