ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်များ ပေးအပ်ပွဲ ကျင်းပ

အမရပူရ ဖေဖော်ဝါရီ ၂၁

 အမရပူရခရိုင်၊ အမရပူရမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းအတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်များ ပေးအပ်ပွဲကို ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမရပူရခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များကို တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။ ထောက်ပံ့ပစ္စည်းပေးအပ်မှုကို ပြည်သူ့စစ်(ဌာနေ) ခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးလျှင် ဆန် (၂) ပြည်၊ ဆီ (၅၀) သား၊ ကြက်ဥ (၁၀) လုံးနှင့် ကြက်သွန်နီ (၅၀) သားနှုန်းဖြင့် ၆၅ ဦးကိုလည်းကောင်း အဖွဲ့ဝင် ၃၀ ဦးအတွက် ဆီ (၅၀) သားနှင့် ကြက်ဥ ၁၀ လုံးကို လည်းကောင်း အသီးသီး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ယနေ့ ထောက်ပံ့ပစ္စည်း တန်ဖိုးငွေ ဆယ်သိန်းရှစ်သောင်းရှစ်ထောင်နှစ်ရာငါးဆယ်ရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)