အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် ယမန်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Aug 28,2023
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို  ယမန်နေ့ နံနက် ၁၀ နာရီက ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်ရုံးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Aug 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ယမန်နေ့ နံနက်(၁၀:၀၀)အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးဌာနရုံးနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတို့၌ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ရောဂါများအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
Aug 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာတွင် မဟာသတိပဋ္ဌာန် မိုးကုတ်ဝိပဿနာ(၅)ရက် တရားစခန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။
Aug 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ယနေ့နံနက် (၉:၃၀)အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန် မှ ၁၆း၀၀ နာရီအချိန်ထိ အမကပိန်းမုံစာသင်‌ကျောင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။