မအူပင် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ( ၁ ) နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာရေးဆရာဖေမြင့် ရေးသားသည့် အောင်မြင်မှုချမ်းသာသုခနှင့် ဓနဥစ္စာစာအုပ်ပါ အကြောင်းအရာများအားလည်းကောင်း၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း နာယကဆရာ ဦးပိုက်မှ ကဗျာတစ်ပုဒ် ပန်းတစ်ဆုပ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဆရာကြီး ဦးစိုးမှ စာရေးဆရာ ဆရာကျော်ဝင်း ရေးသားထားသည့် ၂၁ ရာစု သားရွှေဥ စာအုပ်ပါ အကြောင်းအရာများအားလည်းကောင်း၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဆရာဦးဘိုထွေးမှ မှတ်သားစရာ ဒသနများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာ ဦးကျော်ဦး (ပညာရေး-ငြိမ်း)မှ စာရေးဆရာ ကျိုက်စကောခင်စိုး ရေးသားထားသည့် မငိုပါနဲ့ အမေရယ်နှင့် အခြားဝတ္ထုတိုများစာအုပ်ပါ တစ်လုံးချိုင့် ဆောင်းပါးအားလည်းကောင်း၊ ဆရာ ဦးမောင်မောင်လွင်မှ စာရေးဆရာနှင့် ကဗျာများ ခံစားမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ အမျိုးသမီးများအသင်း (Woman Club) အဖွဲ့ဝင်များ၊ လူငယ်အသင်း (Youth Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)