ညောင်ဦးမြို့၌ MSME လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေး

ညောင်ဦး ဖေဖော်ဝါရီ ၂၃

MSME လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်းနှင့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိရေး အသိပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၃ နာရီက ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အသိပညာပေး ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးက လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ကိတ်မုန့် ပေါင်မုန့် လုပ်ငန်းရှင်များ၊ အာလူးကြော်လုပ်ငန်းရှင်များ၊ ပဲကြော်လုပ်ငန်းရှင်တို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိရေး၊ အသေးစား၊ အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)ဖွံ့ဖြိုးတိုးတက်ရေးဌာနဆိုင်ရာများက‌ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း