ပျဉ်းမနား ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဦးမင်းဒင်ကျေးရွာ ဦးမင်းဒင်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ အဖွဲ့ဝင်(၃) ဦးရဲဇင်လတ်၊ အတွင်းရေးမှူး ရဲမှူးကြီး ကျော်ကျော်ညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမောင်မောင်သန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးနိုင်၊ အဖွဲ့ဝင်(၃) ဦးသန်းထွန်းအောင်၊ အတွင်းရေးမှူး ရဲမှူးမြင့်အောင်၊ တောင်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပျဉ်းမနားခရိုင် စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ သိကောင်းစရာများ စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ရပ်ကွက်/ကျေးရွာနေပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
မျိုးသီဟ(ပြန်/ဆက်)