ကျောက်ဖြူ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိမိဌာနနှင့် သက်ဆိုင်သည့် ရုံးအဆောက်အဦ ပတ်ဝန်းကျင်များအား သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ထားရှိရန်၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ကျောက်ဖြူခရိုင်အတွင်းရှိ အလယ်တန်းအဆင့် Grade-9 နှင့် မူလတန်းအဆင့် Grade-5 စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန် လာရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများနှင့် ၎င်းတို့၏ အုပ်ထိန်းသူများ နေထိုင်စားသောက်ရေး အဆင်ပြေချောမွေ့စေရေး သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ထားရှိရန်၊ ကျောက်ဖြူ-ရန်ကုန် လေယာဉ်လက်မှတ် ဈေးနှုန်းများအား သတ်မှတ်ထားသည့် ကျသင့်ငွေထက် ပိုမိုရောင်းချမှု မရှိစေရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်း သာရောင်းချမှုရှိစေရန် အစရှိသည့်ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)တွင် ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာ ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)