ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲများကို ချမ်အေးသာစံမြို့နယ်တွင် ရပ်ကွက်များအထိ ကွင်းဆင်းဆောင်ရွက်

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၃

ချမ်းအေးသာစံမြို့နယ်အတွင်း ပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲများကို ရပ်ကွက်များအထိ ကွင်းဆင်းကာ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ (၂)ရက် နံနက်(၁၀) နာရီတွင် သီရိဟေမာအရှေ့ရပ်ကွက်၊ ၈၉ လမ်း၊ ၂၇×၂၈  လမ်းကြားရှိ မဟယလောကရံသီ အိမ်တော်ရာစေတီတော်၊ (၁၄)ခန်းဓမ္မာရုံတွင်လည်းကောင်း မွန်းလွဲ(၂)နာရီတွင် ၃၁လမ်း၊ ၈၅×၈၆ လမ်းကြားရှိ စင်္ကြာသီဟ ဘုရားဝင်းအတွင်းရှိ ဗုဒ္ဓဂုဏ်ရည် ဓမ္မာရုံတွင်လည်းကောင်း  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲများတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ  ဦးအောင်ကျော်ဟိန်းမှ  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်းအလိုက် ဥပဒေပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်ဆွေးနွေးကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကျော်ဟိန်း၊ ရပ်ကွက်အုပ်ရေးမှူးများ၊ သီရိဟေမာအရှေ့ရပ်ကွက်၊ သီရိဟေမာအနောက် ရပ်ကွက်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ အောင်နန်ရိပ်သာ အရှေ့ရပ်ကွက်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်များမှ  ပြည်သူများ တက်ရောက်ခဲ့ရာ "ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ" သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်