နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဖေဖော်ဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်၊ MSME လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ‌ဖေဖော်ဝါရီလ ၂၀ ရက်နေ့နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများလိုက်ပါလျက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်နေသော အနော်ရထာဆီစက် ထုပ်လုပ်မှုလုပ်ငန်း အခြေအနေများ၊ မြင်းပျံပုံးရည်ကြီးထုတ်လုပ်မှု အခြေ အနေများ၊ ဝိုင်းဝိုင်းအထည်ချုပ်လုပ်ငန်း ထုတ်လုပ်ရောင်းချရောင်းချနေမှုအခြေအနေများ၊ ဦးဘငြိမ်းယွန်းထည်လုပ်ငန်းထုတ်လုပ်မှုအခြေအနေများ၊ ရဲရင့်ရှိုင်းအထည်ချုပ်လုပ်ငန်း ထုတ်လုပ်၍ ဈေးကွက်ရောင်းချရမှုအခြေအနေများ၊ အောင်ပါစေထန်းလျက်လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး၊ ကုန်ကြမ်းရရှိမှုအခြေအနေများ၊  ကုန်ချောအမယ်များ ဖြန့်ဖြူးနိုင်မှု ဈေးကွက်အခြေအနေများနှင့်  လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကြသည်။ အဆိုပါ စစ်ဆေးကြည့်ရှုခဲ့ကြသည့် အောင်ပါစေထန်းလျက်လုပ်ငန်းတွင် ထန်းလျှက်သီးခြားအပြင်  ချင်းထန်းလျက်၊ ဇီးထန်းလျက်၊ အုန်းထန်းလျက်၊ ရှားစောင်းထန်းလျက်နှင့် ထန်းလျက်အခြေခံ ထန်းလျက်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ နိုင်ငံခြားဈေးကွက်အထိ ထိုးဖောက်ဖြန့်ဝေလျက်ရှိကြောင်းနှင့် အခြားလုပ်ငန်းများကိုလည်း ကဏ္ဍအလိုက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစစ်ဆေးမှုများသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သိရသည်။

ဒီပါလင်း