သာပေါင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးကူညီဆောင်ရွက်ပေး

သာပေါင်း ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမအုပ်ချုပ်‌ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှု‌ရေးအသင်းအဖွဲ့များနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ အာဟာရများ တိုက်ကျွေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်က စတင်၍ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ပံ့ပိုးကူညီစောင့်ရှောက်မှုများ‌ ဆောင်ရွက် ပေးလျက်ရှိသည်။

သာပေါင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှု‌ရေးအသင်းအဖွဲ့များက အခြေခံစားသောက်ကုန် ဆန်တစ်ပြည်(၃,၀၀၀)ကျပ် နှုန်းဖြင့်(၅)အိတ်၊ ဆီတစ်ပိဿာ (၅,၅၀၀)ကျပ် နှုန်းဖြင့် ပိဿာ(၁၀၀)၊ ကြက်ဥတစ်လုံး(၂၅၀)ကျပ်နှုန်းဖြင့် (၃၆၀)လုံးတို့ကို ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်း၊ အိုဗာတင်း အာဟာရများ တိုက်ကျွေးခြင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဆေးမှတ်တမ်းစာအုပ်များ ပြုလုပ်ပေးပြီး ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ သွေးတိုးရှိ၊ မရှိနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာ စစ်ဆေးခြင်းများကို မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမီမီခိုင်နှင့် ဆရာမများက ရောဂါစစ်ဆေး ဆေးဝါးကုသမှုများ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ အာဟာရများ တိုက်ကျွေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့က ဖေးမပံ့ပိုးကူညီ စောင့်ရှောက်အားပေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြပြီး နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အပတ်စဉ်) ဗုဒ္ဓဟူးနေ့နှင့် အငြိမ်းစားပင်စင်လစာငွေထုတ်ရက်ဖြစ်သော လစဉ်(၂၁)ရက်နေ့တို့တွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့နှင့် မြို့နယ်ပြည်သူ့ဆေးရုံ၊ ပြင်ပဆေးကုသရေးဌာနတွင် ရောဂါစစ်ဆေးကာ ဆေးဝါးများအခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)