သာပေါင်း ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ် ကျေးရွာအုပ်စု၊ ဒိုးစမ်းကုန်း ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ မွန်းလွဲ (၂)နာရီခွဲအချိန်က ပေါ့ဆ မီးကြွင်း၊ မီးကျန်ကြောင့် မီးလောင်ကျွမ်း နေအိမ်(၁)လုံး မီးဘေးသင့် ပျက်စီးခဲ့ရသည့် မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ မွန်းလွဲ (၂) နာရီခွဲအချိန်က လှေကြီးတတ်ကျေးရွာအုပ်စု၊ ဒိုးစမ်းကုန်း ကျေးရွာနေထိုင်သူ ဦးဇော်လင်းနှင့်အတူနေ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၂)ဦး၊ ပေါင်း မိသားစု(၆)ဦးတို့၏ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း (၁၈’×၁၈’×၁၈’) နေအိမ်မီးလောင်ကျွမ်း ပျက်ဆီးဆုံးရှုံးခဲ့ရသည့် နေအိမ်(၁)လုံးမှ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၂၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ တန်ဖိုးငွေ (၄၆၀၃၆) ပေါင်းရန်ပုံငွေ (၂၁၂၆၀၀)ကျပ်တို့အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် လှေကြီးတတ် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးလေးမောင်နှင့် အဖွဲ့ဝင်တို့မှ မီးဘေးသင့်ခံ အိမ်ထောင်စုများ နေထိုင်ရာ ကျေးရွာသို့ သွားရောက်၍ မိသားစုများ လက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)