မိုင်းခုတ်မြို့၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ” အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းခုတ် ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် မြို့အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင်  ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမျိုးသန့် ဦးဆောင်သော သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက မိုင်းခုတ်မြို့ရှိ လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများရှိ ခရီးသွားပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များနှင့် အမျိုးသားရေးတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်နှင့် ကျင့်သုံးရသည့် အကြောင်းများ၊ စိုးရိမ်ရန်မလိုသည့် အချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရန်ကာလ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)