သပိတ်ကျင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

သပိတ်ကျင်း  ဖေဖော်ဝါရီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက် ရွှေဝါဝင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သပိတ်ကျင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် စစ်မှုထမ်းဥပဒေဖြစ်ပေါ်လာပုံရည်ရွယ်ချက်နှင့် လက်ရှိနောက်ဆုံး အခြေအနေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းမြတ်သူက စစ်မှုထမ်းရခြင်း ရည်ရွယ်ချက်နှင့် စစ်သည်၏အခွင့်အရေးဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဇော်နိုင်နှင့် မြို့နယ်ဥပဒေအရာရှိ ဦးလှိုင်မျိုးဝင်းတို့က ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၏ ပြစ်မှုနှင့်ပြစ်ဒဏ်များ  ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီ းတက်ရောက်လာသူများမှ ပြန်လည်မေးမြန်းမှုအပေါ် တာဝန်ရှိသူများမှဖြေကြားခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ သပိတ်ကျင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ YMBA အသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ ရပ်ကွက်/  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊  စုစုပေါင်းအင်အား (၂၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)