ပင်းတယ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ဇော်ဂျီချောင်းမှ ရေများသွယ်တန်း၍ ရေသွင်းစိုက်ပျိုးထားသည့် နွေရာသီ သီးနှံပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
စိုက်ပျိုးခင်းပိုင်ရှင် ဦးအောင်ကြည်က “ကျွန်တော်တို့ ခရမ်းချဉ်သီးနှံပင်များနှင့် ငရုတ်ပွသီးနှံပင်များကို ဇန်နဝါရီလလယ်က မျိုးစေ့များကို ဝယ်ယူပြီး ပျိုးပင်များအဖြစ် စတင်စိုက်ပျိုးခဲ့ရာမှာ တစ်ဧက စိုက်ပျိုးစရိတ် ငွေကျပ်(၁၀)သိန်းကျော်ခန့် ရင်းနှီးကုန်ကျခဲ့ရပြီး သီးနှံထွက်ရှိမယ့် တပေါင်းလနှင့် တန်ခူးလမှာ စျေးနှုန်းမှန်ကန်စွာ ရရှိဖို့ မျှော်လင့်မိပါတယ်”ဟု သိရသည်။
ပင်းတယမြို့နယ်အတွင်းရှိ တောင်ရွှေပုထိုးကျေးရွာ၊ ထိုးပုံကျေးရွာ၊ သပြေကုန်းကျေးရွာ၊ မိုင်းလီကျေးရွာအုပ်စု အစရှိသည့် ကျေးရွာအုပ်စုများမှ လယ်ယာစိုက်ခင်းများတွင် စိုက်ပျိုးထားသည့် ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီသီးနှံစသည့် နွေရာသီသီးနှံများလည်း အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)