ပွင့်ဖြူ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အဆင်ပြေစွာ ကောက်ယူသွားနိုင်ရေးအတွက် မြေပြင်အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၈ရက်နေ့မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းထူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းထူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က နယ်မြေအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ အဖွဲ့များခွဲပြီး မြို့ပေါ်ရပ်ကွက်ရှိ စာရင်းကောက်ကွက် (၁၂)ခုအား ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အဆင်ပြေစွာ ကောက်ယူနိုင်ရေး အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို E Mobile Tablet စနစ်ဖြင့် စနစ်တကျပြုစုဆောင်ရွက်လျက်ရှိရာ ယနေ့အထိ စာရင်းကောက်ကွက်(၈)ခုမှ လူနေအိမ်အဆောက်အဦ အလုံးပေါင်း ၁၁၉၇ လုံး၊ လူဦးရေ (ကျား/မ) စုစုပေါင်းဦးရေ ၄၀၄၄ ဦးကို စာရင်းပြုစုဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ဝန်ထမ်းများအဖွဲ့က ကနဦးမြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ စာရင်းကောက်ယူရန် သတ်မှတ်ထားသည့် ကောက်ကွက် (၁၂)ခုကို ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး ယနေ့အထိ စာရင်းကောက်ကွက်(၈)ခု ကွင်းဆင်းဆောင်ရွက်ပြီးစီးပြီဖြစ်ကာ စာရင်းကောက်ယူရန်ကျန်ရှိသည့် စာရင်းကောက်ကွက်(၄)ခုအား မတ်လ (၃၁)ရက်နေ့တွင် ပြီးစီးအောင် ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)