မော်လမြိုင်ကျွန်းမြို့နယ်တွင် ရှာဖွေကယ်ဆယ်ရေး မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြား

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးက ကြီးမှူး၍ ပြုလုပ်သည့် ရှာဖွေကယ်ဆယ်ရေး မွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၂၄) ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က အဆိုပါရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

 ရှေးဦးစွာ အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဇော်က အဖွင့်မှာစကား ပြောကြားရာတွင် မြို့နယ်အတွင်း အသင်းစုဖွဲ့ထားသည့် ရှာဖွေကယ်ဆယ်ရေး တပ်စုများအပြင် အခြားတပ်ဖွဲ့ဝင်များကိုလည်း လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ လေ့ကျင့်မှုများကို စဥ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် လေ့ကျင့်မှ ကျွမ်းကျင်မှုများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ သင်တန်မှူးများ၊ သင်တန်းသား သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅၀)နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် စာတွေ့နှင့် လက်တွေ့သရုပ်ပြသခြင်းများဖြင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)