ပင်းတယ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ယနေ့မွှန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပင်းတယမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်ဘိုမြင့်က ဈေးအတွင်း မီးလောင်မှု/ မီးလန့်မှုများ မဖြစ်ပွားစေရန်နှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ကြစေရန်အတွက် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရန်အတွက် ရှောင်ရန်၊ ဆောင်ရန်များ၊ ရုတ်တရက် မီးဘေးလောင်ကျွမ်းမှုကြုံလာပါက ရုတ်တရက် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံတို့အား ရှင်းလင်းပြောကြားပေးပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ပြည်သူများအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲနှင့် အသိပညာပေးဆွေနွေးခြင်းသို့ ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)