ပင်လောင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

ပင်လောင်း ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်စတင်၍ စနစ်တကျထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများက စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း(၆၂၄)ဦးနှင့် ပင်လောင်းဘဏ်တွင် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာ​ငွေ ထုတ်ယူနိုင်ရေး လာရောက်စာရင်းပေးသွင်းသူ(၂၉၄)ဦးရှိကြောင်း၊ အဆိုပါအငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာငွေများ အဆင်ပြေချောမွေ့စွာ လာရောက်ထုတ်ယူနိုင်ရေးအတွက်  မြန်မာ့စီးပွားရေးဘဏ်မှ လစဉ်လတိုင်း(၂၁)ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိပြီး ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများကိုလည်း သတ်မှတ်ပေးထားသည့် နေ့ရက်များအလိုက် ပင်စင်လစာငွေများကို နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် ပင်စင်လစာငွေများ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)