ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ဟုမ္မလင်း ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် (၈)နာရီမှ (၁၂ )နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ကြီးဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသပေး ဆောင်ရွက်ခြင်းကို ဟုမ္မလင်း ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေ၊ တာဝန်ကျဆရာဝန်များ၊ ဆရာ /ဆရာမများက သက်ကြီးရွယ်အိုများအား  ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း (၁၂၀)ဦးအား အခမဲ့စောင့်ရှောက်ကုပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဘိုးဘွားများအား အလှူရှင် မိသားစုဝင်များက အာဟာရဒါနအ​နေဖြင့် နို့ဆန်ပြုတ် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)