လားရှိုးမြို့တွင် MPT ၏ (၁၃) ကြိမ်မြောက် စေတနာသွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်း

လားရှိုး ဖေဖော်ဝါရီ ၂၃

လားရှိုးမြို့တွင် MPT ၏ (၁၃) ကြိမ်မြောက် စေတနာသွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က လားရှိုမြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းမှုတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှဝန်ထမ်းများနှင့် ပြင်ပတို့မှ စေတနာရှင် သွေးလှူရှင် စုစုပေါင်းသွေးလှူရှင် စုစုပေါင်း (၄၃) ဦးတို့က သွေးလိုအပ်နေသူများအတွက် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

သွေးလှူဒါန်းပွဲသို့ မြန်မာဆက်သွယ်ရေးလုပ်ငန်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်မန်နေဂျာ ဦးမြတ်ဇင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းနှင့် ဝန်ထမ်းများ၊ စေတနာရှင် သွေးလှူရှင်များ တက်ရောက်ခဲ့ ကြသည်။

စေတနာရှင် သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းတွင် MPTမှလည်း တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများထဲမှတစ်ခုအပါအဝင်ဖြစ်ပြီး သွေးသည် လူတစ်ယောက်မှ အခြားလူတစ်ယောက်သို့ ပေးအပ်နိုင်သည့် အမွန်မြတ်ဆုံးလက်ဆောင် သို့မဟုတ် အသက်ကယ်ပေးခြင်းဖြစ်သောကြောင့်  စုပေါင်းသွေးလှူဒါန်း ခြင်းဖြစ်ကြောင်း သိရသည်။

သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းတွင် ဝင်ရောက်သွေးလှူဒါန်းခဲ့ကြသည့် စေတနာရှင် သွေးလှူရှင်များအား  MPT မှထုတ်ဝေသော တီရှပ်အင်္ကျီနှင့် အမှတ်တရပစ္စည်းများ၊ အာဟာရဖြည့်စွက်စာများ ဖြစ်သည့် ကြက်ဥနှင့်မုန့်များ မေတ္တာလက်ဆောင်အဖြစ်ပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)