အမြို့မြို့အနယ်နယ်သတင်းများ

Aug 30,2023
လူငယ်များဗလငါးတန်ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့်လူငယ်များ ဖြစ်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 30,2023
ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၃) ကို သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြားသည်။
Aug 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ခင်းအတွင်း သမန်းနှိုး ပေါင်းထိုးခြင်းနှင့် သဘာဝမြေဩဇာထည့်သွင်းကို ယမန်နေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းကမူလွန် (ရွှေပြည်သာ) ကျောင်းတွင် ပြုလုပ်ခဲ့သည်။
Aug 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့တွင် ယနေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေး လမ်းဆုံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးမြေစိုက်ဘုတ်စိုက်ထူပြီး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Aug 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာရှိ တောင်သူ ဦးမြင့်အောင်၏ ကွင်းအမှတ်( ၂၅၃) ဦးပိုင်အမှတ်( ၃၆)နှင့် တောင်သူ ဦးထွန်းရီ၏ ဦးပိုင်(၃၈/၁) ရှိ ဆင်းသုခစပါး ပန်းတိုင်အထွက်နုံးရရှိရေး စိုက်ပျိုးထားသော လယ်မြေတွင် သြဂုတ်လ (၂၉)  ရက်နေ့ နံနက် (၉) နာရီအချိန်က ပေါင်းလိုက်သမန်းနိုးခြင်းနှင့် မြေသြဇာကျဲပက်ခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့ ကြောင်း သိရသည်။