အမြို့မြို့အနယ်နယ်သတင်းများ

Aug 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် တပ်မ​တော်သားများ၊ ဌာနဆိုင်ရာများ၊ လူမှု​ရေးအသင်းအဖွဲ့များ ပူး​ပေါင်း​ဆောင်ရွက်သည့် စု​ပေါင်းသန့်ရှင်း​ရေးကို သြဂုတ်လ၃၀ရက်​နေ့ နံနက်ပိုင်းက  မြို့နယ်ပြည်သူ့​ဆေးရုံ၌ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Aug 30,2023
၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်လ (၂၉)ရက်နေ့၊ မွန်လွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Aug 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဘုရားစေတီရုပ်ပွားတော်များ ရောင်တော်ဖွင့်ခြင်းနှင့်စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူဆောင်ရွက်ခြင်းကို ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများစုပေါင်းကာ အောင်မင်္ဂလာစေတီတော်နှင့်သိမ်ကျောင်းတို့အား သြဂုတ်လ၃၀ရက် နံနက် ၈ နာရီက စုပေါင်းဆောင်ရွက်ကြသည်။
Aug 30,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အ.ထ.က ပေါင် ရွှေရတုခန်းမ၌ ကျင်းပသည်။
Aug 30,2023
စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာမြို့နယ်ရှိ  သတ်မှတ်နေရာ(၇)ခုတို့မှ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဩဂုတ်လ (၁၅)ရက်နေ့ မှစတင်ပြီး ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြရာတွင် ဩဂုတ်လ ၂၉ ရက်နေ့အထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၄၁၆)ဦးကို ထိုးနှံပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
Aug 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်အမှတ်(၆) ရပ်ကွက်၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀း၀၀ နာရီအချိန်က ရပ်ကွက်ပြုလုပ်ခဲ့ကြသည်။