တမူးမြို့နယ် ဟဲဇင်းကျေးရွာတွင် ပေါင်းလိုက်သမန်းနိုးခြင်းနှင့် မြေသြဇာကျဲပက်ခြင်း ကွင်းသရုပ် ပြပွဲပြုလုပ်

တမူး   သြဂုတ်   ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာရှိ တောင်သူ ဦးမြင့်အောင်၏ ကွင်းအမှတ်( ၂၅၃) ဦးပိုင်အမှတ်( ၃၆)နှင့် တောင်သူ ဦးထွန်းရီ၏ ဦးပိုင်(၃၈/၁) ရှိ ဆင်းသုခစပါး ပန်းတိုင်အထွက်နုံးရရှိရေး စိုက်ပျိုးထားသော လယ်မြေတွင် သြဂုတ်လ (၂၉)  ရက်နေ့ နံနက် (၉) နာရီအချိန်က ပေါင်းလိုက်သမန်းနိုးခြင်းနှင့် မြေသြဇာကျဲပက်ခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကွင်းသရုပ်ပြပွဲတွင် တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသိန်းက ပေါင်းလိုက် သမန်းနိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊  ဓာတ်မြေသြဇာကို အချိန်ကိုက် အချိုးကိုက် ထည့်သွင်းခြင်း၏ အကျိုးကျေးဇူးများ၊ ပန်းတိုင်အထွက်နုန်းတိုးတက်ရေးနှင့် ရာသီအလိုက်ကျ ရောက်ဖျက်ဆီးသည့် ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေးတို့အတွက် ကာကွယ်ရန် နည်းလမ်းများကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဝန် ထမ်းများနှင့် တောင်သူများမှ စိုက်ကွက်များအတွင်း ပေါင်းလိုက် သမန်းနိုးခြင်းနှင့်မြေသြဇာ ကျဲပက်ခြင်းတို့ကို လက်တွေ့ပြသစုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ဒေသခံ တောင်သူများ ( ၃၀)ဦးတို့တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ရတနာ