အမြို့မြို့အနယ်နယ်သတင်းများ

Feb 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းတုသတင်းမှားများကို နားမယောင်မိစေရန်နှင့် သတင်းအမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ “သတင်းစကား”လက်ကမ်းစာစောင်များကို ၂၃-၂-၂၀၂၄ ရက်နေ့နံနက်(၁၁း၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်း အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။
Feb 25,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်းနန်သည် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်အပ်နှင်းခဲ့သည်။
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ် ဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဘေးနှစ်ဘက်တွင် ၂၃-၂-၂၀၂၄ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Feb 25,2024
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးသတ်ယာဉ်များဖြင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ၂၃-၂-၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီက မတ္တရာမြို့မစျေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် နှမ်းထမနဲ စတုဒီသာပွဲကို  ယမန်နေ့ တပို့တွဲလပြည့်နေ့ နံနက် ၈  နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Feb 25,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ပေါ်ရှိ ဘာသာရေးကျောင်းများသို့ သွားရောက်ပြီး ဆုတောင်းမေတ္တာပို့သမှုခံယူကာ လှူဒါန်းမှုများကို ဆောင်ရွက်ခဲ့ကြသည်။
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာအုပ်စု သီရိဗလစေတီတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စီမအုပ်ချုပ်‌ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က စတင်၍ခရမ်းမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၏ ဗြဟ္မစိုခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။