ကော့သောင်း သြဂုတ် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းကမူလွန် (ရွှေပြည်သာ) ကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးနောင်နောင် (စစ်ဆေးရေးမှူး)က ယာဉ်တိုက်မှုဖြစ်ရခြင်း၊ လမ်းအမှတ် အသားများအကြောင်း၊ နည်းဥပဒေပါ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် (၃)ယောက်မစီးနင်းရန်နှင့်လိုက် နာရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ခြေကျင်လျှောက်သူများ လိုက်နာရန်အချက်များ၊ စက်ဘီးစီးသူများ လိုက်နာရန်စည်းကမ်းချက်များ၊မော် တော်ဆိုင်ကယ်စီးလျှင်လိုက် နာရမည့်အချက်များနှင့် လမ်းညွှန်းအမှတ်အသားများအား အသိပညာပေးပြောကြားခဲ့ပြီး ပညာပေးနံရံကပ်စာစောင် များပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်း သူများ(၂၀၁)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲကို ကော့သောင်းမြို့နယ် ယာဉ်စည်းကမ်း၊လမ်းစည်း ကမ်းထိန်းသိမ်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဗဟုသုတရစေရန်နှင့် အသိ၊ သတိဖြင့် လိုက်နာကြစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)