ဘုတ်ပြင်းမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးမြေစိုက်ဘုတ်စိုက်ထူပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဘုတ်ပြင်း   ဩဂုတ်     ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့တွင် ယနေ့နံနက်က  အောင်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေးလမ်းဆုံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးမြေစိုက်ဘုတ် စိုက်ထူပြီး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးမြေစိုက်ဘုတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ စိုက်ထူခဲ့ကြခြင်းဖြစ်ပြီး  မြေစိုက်ဘုတ်တွင် အဂတိလိုက်စားမှု ကျူးလွန်ဆောင်ရွက်ချက်များ၊ တိုင်ကြားရာတွင် သတိပြုရမည့်အချက်များ၊ လိပ်မူတိုင်ကြားရမည့် လိပ်စာများပါဝင်သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များသည်  တနင်္သာရီတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ထုတ်ဝေသည့်   အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်း၏ အရေးပါပုံ၊ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များ၊ CPU အဖွဲ့များ၏ လုပ်ငန်းတာဝန်(၃)ရပ်၊ CRA ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုင်းသည်၊ Corruption Risk Assessment (CRA) ဆိုသည်မှာ၊ အဂတိလိုက်စားမှု Corruption သည်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း စသည့်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို လမ်းသွားလာနေသူများ၊ ဈေးဝယ်သူများနှင့် မြို့နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)